• Follow Us on

Home ကလေးဝမြို့တွင် PDF များ၏ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ကလေးဝမြို့တွင် PDF များ၏ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်မအိုင်ကျေးရွာအနီးတွင် PDF များ၏ လက်နက်၊ ခဲ ယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၀ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့မှ ဆင်အိုင်မကျေးရွာအနီး နယ်မြေရှင်း လင်းရေးဆောင်ရွက်နေစဉ် ထိုကျေးရွာအနီးတွင် PDF များ၏ လက်နက်၊ ခဲယမ်း နှင့်ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိကြောင်း သိရသည်။

 

ထိုသိမ်းဆည်းရရှိသည့် လက်နက်များမှာ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်လက်ပစ်ဗုံး ၈ လုံး၊ ကာ ဘိုင်သေနတ် ၁ လက်၊ ကာဘိုင်ကျည်ဆံ ၂၉ တောင့်၊ ကာဘိုင်ကျည်အိမ် ၂ ခု၊ အေကေကျည်အိမ် ၅ ခု၊ အေကေကျည်ဆံ ၆၈ တောင့်နှင့်အတူ Mavic-2 အမျိုးအစား Drone ၁ စီးတို့ ဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post