【 နိုင်ငံတကာ အနုပညာ 】 ရှောင်ပန်းရဲ့ ညစာ စားပွဲမှာ ခိုးတွေ့ကြတဲ့ လီယိုနာဒို ဒီကာပရီယိုတို့ စုံတွဲနဲ့ ရောဘတ်ဒီနီးရိုးတို့ စုံတွဲ

【 နိုင်ငံတကာ အနုပညာ 】 ရှောင်ပန်းရဲ့ ညစာ စားပွဲမှာ ခိုးတွေ့ကြတဲ့ လီယိုနာဒို ဒီကာပရီယိုတို့ စုံတွဲနဲ့ ရောဘတ်ဒီနီးရိုးတို့ စုံတွဲ

ဆန်တာမော်နီကာ၊ ဧပြီ - ၁

ဟောလိဝုဒ်ရဲ့ A-list စာရင်းဝင် နာမည်ကြီး တော်တော်များများ ညစာအတူတူစားဖို့ ထွက်နေကြပါပြီ။

လီယိုနာဒို ဒီကာပရီယိုနှင့် ၎င်း၏ချစ်သူ ဗစ်တိုးရီးယားစီရီတီတို့ဟာ ရောဘတ်ဒီနီးရိုးနဲ့ သူ့ချစ်သူ တစ်ဖ်နီချန်းတို့နဲ့အတူ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာမော်နီကာရှိ Giorgio Baldi မှာ ရှောင်ပန်းနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

စူပါစတားကြယ်ပွင့်သရုပ်ဆောင်များဟာ ညစာအတူ ထမင်းစားပြီးနောက် စားသောက်ဆိုင်မှထွက်ကာ ဓာတ်ပုံရိုက်ကြပါတယ်။ဒီနောက်မှာ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ လီယိုနာဒိုဟာ မျက်နှာဖုံးစွပ်ကာ အဆောက်အအုံမှ ထွက်ခွာသွားခဲ့ပါတယ်။ဗစ်တိုးရီးယားကလည်း  သီးခြားစီ ထွက်ခွာသွားခဲ့ပါတယ်။

ရောဘတ်နှင့် တစ်ဖနီလည်း တစ်ယောက်နှင့် တစ်ယောက် ဆုံစည်းရာမှ ထွက်ခွာသွားခဲ့ပါတယ်။

လီယိုနာဒို ဒီကာပရီယိုနဲ့ ဗစ်တိုးရီးယားစီရီတီတို့ စေ့စပ်ရန် ဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီး မကြာသေးမီက ကောလာဟလများ ပျံ့နှံ့နေခဲ့ပါသေးတယ်။ဒါကို သတင်းရင်းမြစ်တစ်ခုက အမှန်တရားကို ထုတ်ဖော်ခဲ့ပါတယ်။

လီယိုနာဒိုနဲ့ ဗစ်တိုးရီးယားတို့ဟာ ဖေဖော်ဝါရီလတွင် နောက်ဆုံး ဓာတ်ပုံတွဲရိုက်ခဲ့ကြပါသေးတယ်။

စိုးချစ်
သတင်းရင်းမြစ်- Justjared