• Follow Us on

Home ဝန်ကြီးချုပ်ဆရက်ထာဦးဆောင်တဲ့ အစိုးရအဖွဲ့ ထိုင်းတောင်ပိုင်းပြည်နယ်တွေကို ကွင်းဆင်းသွားရောက်နေ

ဝန်ကြီးချုပ်ဆရက်ထာဦးဆောင်တဲ့ အစိုးရအဖွဲ့ ထိုင်းတောင်ပိုင်းပြည်နယ်တွေကို ကွင်းဆင်းသွားရောက်နေ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

 

ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ ဟာ ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်တွေ ဖြစ်တဲ့ ယာလာပြည်နယ်၊ ပတ္ထနီပြည်နယ်နဲ့ နရာသီဝတ်ပြည်နယ်တွေကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကွင်းဆင်းသွားရောက်နေကြောင်း ထိုင်းအစိုးရလူထုဆက်ဆံရေးသတင်းဌာနနဲ့ ထိုင်းမီဒီယာတွေ မှာ ဖော်ပြထားပါတယ်။

 

ဒေသခံပြည်သူတွေရဲ့ ကိုယ်စိတ်နှစ်ပါးချမ်းသာကြွယ်ဝမှု မြှင့်တင်နိုင်ရေးအတွက် ဟာလာအစားအသောက်၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ကုန်စည်တိုးမြှသင့်ထုတ်လုပ်ရေးအတွက် ဒေသခံအရာရှိတွေနဲ့ ဆွေးနွေးသွား မှာဖြစ်တယ်လို့လည်း The Nation မှာ ဖော်ပြထားပါတယ်။

 

ယာလာပြည်နယ်၊ ပတ္ထနီပြည်နယ်နဲ့ နရာသီဝတ်ပြည်နယ်တွေကိုရောက်တဲ့ အင်္ဂါနေ့ မွန်းလွဲပိုင်းမှာ ဒေသခံ အရာရှိတွေ၊ လူထုခေါင်းဆောင်တွေနဲ့အတူ ဟာလာစားသောက်ကုန်မြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဆရက်ထာက သတင်းထောက်တွေကို ပြောပါတယ်။

 

ဝန်ကြီးချုပ်ဆရက်ထာဟာ ဘရူနိုင်းဘုရင်၊ မလေးရှားဝန်ကြီးချုပ်တို့နဲ့လည်း ဟာလာစားသောက်ကုန်မြှင့်တင် ရေးအတွက် ဆောင်ရွက်မယ့် အစိုးရအစီအစဉ်တွေကို ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။

 

မူဆလင်အများစုနေထိုင်တဲ့ တောင်ပိုင်းပြည်နယ်တွေမှာ ဟာလာစားသောက်ကုန်တွေကို ပိုမိုမြှင့်တင်နိုင်မယ်ဆို ရင် ဒေသခံမူဆလင်ပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာတွေ တိုးတက်လာမှာဖြစ်ကြောင်း ဆရက်ထာက ပြော ပါတယ်။

 

ဒါ့အပြင် ဒေသတွင်း လူထုကြားထဲမှာ ဟာလာစားသောက်ကုန် ပိုမိုကျယ်ပြန့်စွာ လူသိများလာပြီးဆိုတာနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကိုလည်း ဒေသတွင်းကို ဆွဲဆောင်လာနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဝန်ကြီးချုပ်ခရီးစဉ်ဟာ တောင်ပိုင်းဒေသတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် နည်းလမ်း တွေရှာဖွေဖို့နဲ့ ဒေသထွက်ကုန်တွေကို အဓိကဈေးကွက်သစ်တွေကို ပို့ဆောင်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်တယ် လို့ ဆရက်ထာက ပြောပါတယ်။

 

ဒေသခံပြည်သူတွေ ဝင်ငွေမြင့်မားလာအောင်ရှာဖွေနိုင်ရေး တောင်ပိုင်းပြည်နယ်တွေအတွက် အခွင့်အလမ်း တွေရှာဖွေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တောင်ပိုင်းဒေသကို အစိုးရအဖွဲ့အစည်း လေးငါးဖွဲ့ စေလွှတ်ထားကြောင်း ၎င်း က ပြောပါတယ်။

 

ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတယ်ဆိုရင် ဒေသခံပြည်သူတွေရဲ့ လူမှုဘဝ ပိုမိုမြင့်မားလာပြီး တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ပြန်လည်ရရှိမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

“အဲဒီရည်ရွယ်ချက်ဟာ ကျွန်တော် တောင်ပိုင်းပြည်နယ်တွေကို သွားရတဲ့ ရည်ရွယ်ချက်အစစ်အမှန်ပဲဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

တောင်ပိုင်းပြည်နယ် သုံးခုဖြစ်တဲ့ ယာလာ၊ ပတ္ထနီနဲ့ နရာသီဝတ်ပြည်နယ်တွေထဲမှာ ပတ္ထနီပြည်နယ်က မလေး မူဆလင်တွေဦးဆောင်တဲ့ လူမျိုးရေးနဲ့ ဘာသာရေး ခွဲထွက်ရေးဝါဒီတွေရဲ့ လှုပ်ရှားမှုကြောင့် အဲဒီတောင်ပိုင်း ဒေ သဟာ သောင်းကျန်းမှုဒဏ်ခံခဲ့ရပါတယ်။

 

၂၀၀၁ ခုနှစ်မှာ ထိုင်းကြည်းတပ်ရဲ့ လက်နက်တိုက်ဖောက်ထွင်းခံရပြီး လက်နက်ပေါင်း လေးငါးရာ ခိုးယူခံခဲ့ရပြီး နောက်မှာ သောင်းကျန်းမှုအခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ ဆိုပါတယ်။

 

၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ထိုင်းအစိုးရနဲ့ လက်နက်ကိုင်သူပုန်အုပ်စုတွေကြား အကြမ်းဖက်မှုတွေလျော့ပါး ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပနေရဆဲဖြစ်ပါတယ်။

 

Ref: Srettha tours deep south, says strong economy would help bring peace

 

#PeopleMedia


Share this post