【 နိုင်ငံတကာ အနုပညာ 】 ဂျီဂျီဟာဒီနှင့် အန်းဟန်သာဝေးတို့ မီလန်ဖက်ရှင် ရက်သတ္တပတ်တွင် ပါဝင်ဆင်နွှဲ

【 နိုင်ငံတကာ အနုပညာ 】 ဂျီဂျီဟာဒီနှင့် အန်းဟန်သာဝေးတို့ မီလန်ဖက်ရှင် ရက်သတ္တပတ်တွင် ပါဝင်ဆင်နွှဲ

မီလန်၊ ဖေဖော်ဝါရီ - ၂၆

သောကြာနေ့က မီလန်ဖက်ရှင် ရက်သတ္တပတ် အခမ်းအနားအတွင်း ဗာဆေ့ပါတီပွဲမှ ထွက်ခွာသောအခါ ဂျီဂျီဟာဒီနှင့် အန်းဟန်သာဝေးတို့ ပြုံးရွှင်နေကြတာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်သော ဆူပါမော်ဒယ် ဂျီဂျီသည် ဗားဆေ့ဖက်ရှင် ပြသသည့် နေရာတွင် အနီရောင်နှင့် ရွှေရောင်ကျားသစ်ကွက်ကို အပေါ်ဝတ်အင်္ကျီကို ဝတ်ဆင်ပြီး ထုံးစံအတိုင်း စတိုင်ကျလှပါနေပါတယ်။

သူသည် အပြာနုရောင်ဂျင်းဘောင်းဘီနှင့် အညိုရောင်ဘွတ်ဖိနပ်ကို ဝင်ဆင်ထားပြီး လေးထောင့်ပုံ ရွှေနေကာမျက်မှန်ကို ဝတ်ဆင်ထားပါတယ်။

တစ်ချိန်တည်းတွင် အန်းသည် ကုပ်အင်္ကျီအောက်တွင် အဖြူအမဲ စစ်တုရင်ကွက်အဝန်းများကို ဝတ်ဆင်ထားပါတယ်။

အသက် ၄၁ နှစ်ရှိပြီဖြစ်သော မင်းသမီး အန်းသည် မြင်သာသည့် အနီရောင် ခုံမြင့်ဖိနပ်နှင့် လှပသော ငွေလက်ဝတ်ရတနာများကို ဝတ်ဆင်ကာ ဖက်ရှင်ပွဲကို တက်ရောက်ခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Daily Mail