• Follow Us on

Home ကော့ကရိတ်မြို့တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူနှစ်ဦး ဒဏ်ရာရ

ကော့ကရိတ်မြို့တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူနှစ်ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ လောင်းကိုင်ကျေးရွာသို့ KNU/PDF များမှ လက်နက်ကြီး ကျည်ဖြင့် ပစ်ချတိုက်ခိုက်ရာ ပြည်သူနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂၈ ရက် ည ၉ နာရီကျော်တွင် KNU/PDF များမှ လက်နက်ကြီးကျည်ဖြင့် ပစ်ချတိုက်ခိုက်ရာ ထိုလက်နက်ကြီးကျည်မှာ လောင်းကိုင်ကျေးရွာရှိ နေအိမ်ဘေးမြေကွက်လပ်ပေါ်သို့ ကျရောက်ပေါက်ကွဲရာ ထိုလက်နက်ကြီးကျည်ကြောင့် နေအိမ်ထဲ၌ ရှိနေသည့်ပြည်သူနှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုဒဏ်ရာရရှိသူနှစ်ဦးမှာ အသက် (၂၀) နှစ်အရွယ် စောလူမင်းမှာ ဘယ်ဘက်လက်မောင်းတွင် ယမ်းစထိ မှန်ဒဏ်ရာ(မစိုးရိမ်ရ) နှင့် ၎င်း၏ ဝမ်းကွဲညီမဖြစ်သူ အသက် (၁၃) နှစ်အရွယ် နန်းလှလင်းဌေးမှာ ဘယ်ဘက် လက်မောင်းတွင် (မစိုးရိမ်ရ) သည့်ဒဏ်ရာရရှိ၍ ဘားအံမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူနေကြောင်း၊ ထိုနေရာသို့ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post