“ဘီလာရုစ်နိုင်ငံသည် BRICS အဖွဲ့အစည်း ကြီးတွင် ပါဝင်နိုင်ရန် အတွက် ပြီးခဲ့သည့် မေလ ပိုင်းအတွင်းက လျှောက်ထားမှုများပြုလုပ်ခဲ့”

ဇူလိုင် ၂၆

ဘီလာရုစ်နိုင်ငံ သည် ဖွံ့ဖြိုးဆဲ BRICS အဖွဲ့အစည်းကြီး၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာနိုင်ရန် အတွက် ပြီးခဲ့သည့် မေလတွင် လျှောက်ထား မှုများ ပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံ ပိုင် သတင်း ဌာနများက ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက် အင်္ဂါနေ့ကတွင် ဖော်ပြပြောဆို ခဲ့ကြတာ လည်းဖြစ်ပါတယ်။

“ဒီဆုံးဖြတ်ချက်ဟာ အစဉ်အလာမိတ်ဖက်တွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့နိုင်ငံတွေနဲ့ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခြင်းရဲ့ အခြေအနေဖြင့် ဘီလာရုစ်နိုင်ငံရဲ့ လုံးဝယုတ္တိရှိတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်” လို့ ဘီလာရုစ်နိုင်ငံခြားရေးဌာနက ပြောကြား ခဲ့ပါတာလည်းဖြစ်ပါတယ်။

ထို့နောက် BRICS နိုင်ငံများဖြစ်ကြသည့် ဘရာဇီးနိုင်ငံ၊ အိန္ဒိယနိုင်ငံ ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့သည် ရုရှား- ယူကရိန်းစစ်ပွဲအတွက် ၎င်းတို့BRICS အဖွဲ့ဝင်ဖြစ်သည့် ရုရှားနိုင်ငံ အပေါ် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုများတွင် ပါဝင်ရန် ငြင်းဆိုထားပြီး မော်စကို(ရုရှား)၏ အထူးစစ်ဆင်ရေးဟု ခေါ်တွင် သည့် ယူကရိန်းစစ်ပွဲတွင်လည်း ပါဝင်ရန် ငြင်းဆိုထားကြတာလည်းဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံ ၌ လာမည့် ဩဂုတ်လ တွင် BRICS ထိပ်သီးဆွေးနွေးပွဲ ကို ကျင်းပနိုင်ရန် စီစဉ်ထားကြပြီး လည်း ဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။