ကုန်သည်စက်မှုအသင်းချုပ် စွမ်းအင်နှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေး ကျင်းပ

ကုန်သည်စက်မှုအသင်းချုပ် စွမ်းအင်နှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေး ကျင်းပ

 

ကုန်သည်စက်မှုအသင်းချုပ် စွမ်းအင်နှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ကော်မတီ ဥက္ကဋ္ဌ ဦးအေးထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်နိုင်၊ ဒေါက်တာအောင်သိန်း၊ အတွင်းရေးမှူး ဦးခင်မောင်ဦး၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

စွမ်းအင်နှင့်စက်မှုထုတ်ကုန်လုပ်ငန်း လုပ်ငန်းရှင်များ ရှင်သန်ရပ်တည်နိုင်ရေးနှင့် အစဉ်အမြဲ တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် စွမ်းအင်နှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများ အကောင်အထည်ဖော်နိုင်ရေး၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်၊ နည်းပညာ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးတို့အား ရရှိနိုင်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် နိုင်ငံတော် GDP တိုးတက်လာစေရန် ရည်ရွယ်၍ စွမ်းအင်နှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းထားရှိသည်။

အစည်းအဝေးတွင် ကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စွမ်းအင်နှင့်စက်မှုထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မဟာဗျူဟာများ လေ့လာရေးသားအကြံပြုရန်၊ လုပ်ငန်းရှင်များအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးနှင့်နည်းပညာများ လက်လှမ်းမီနိုင်စေရေး ပံ့ပိုးကူညီပေးရန်၊ စီးပွားရေးဈေးကွက် ချဲ့ထွင်နိုင်ရေးအတွက် Business Networking, Supply Chain Management, Exhibition များ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ အခြေခံအဆောက်အအုံနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Back

UMFCCI News

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်းများ တိုးမြှင့်စေရေးဆွေးနွေး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်းများ တိုးမြှင့်စေရေးဆွေးနွေး

အိန္ဒိယ-မြန်မာ ကုန်သွယ်မှု၊ ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးမြှင့်နိုင်ရေးဆွေးနွေး

အိန္ဒိယ-မြန်မာ ကုန်သွယ်မှု၊ ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးမြှင့်နိုင်ရေးဆွေးနွေး

စီးပွား‌‌ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဟောပြောဆွေးနွေးပွဲကျင်းပ

စီးပွား‌‌ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဟောပြောဆွေးနွေးပွဲကျင်းပ

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဖြစ်စေရေးနှင့် သဘာဝသယံဇာတဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်း အဝေး ကျင်းပ

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဖြစ်စေရေးနှင့် သဘာဝသယံဇာတဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်း အဝေး ကျင်းပ

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၁) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၁) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကျင်းပ