Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ်တွင် ဒေသခံအရပ်သား ၃ဦးကို စစ်ကောင်စီအဖွဲ့ က ဖမ်းဆီးသွား

ရက္ခိုင်ပြည်၊ ဂွမြို့နယ်တွင် ဒေသခံအရပ်သားပြည်သူ ၃ဦးကို ယမန်နေ့ ဧပြီလ ၁၁ရက်၊ ညနေ ၁၀ နာရီခန့်အချိန်တွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွား ထိန်းသိမ်းထားကြောင်း ဒေသခံများက အတည်ပြု​ပြောဆိုသည်။

ဖမ်းဆီးခံရသူများမှာ ဂွမြို့နယ်၊ ကျိန္တလီတိုက်နယ် သဲကုန်းရွာမှ ကိုနေဇာလင်း ၃၅နှစ်၊ ကိုဝင်းမင်းထွတ် ၃၅နှစ်နှင့် ကိုညီလေးငယ် ၂၈နှစ် တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ညနေ ၁၀ နာရီခန့်အချိန်တွင် စစ်ကောင်စီတပ်သား ၈ဦးခန့်သည် ကျိန္တလီတိုက်နယ်၊ သဲကုန်းရွာမှ ဦးသိန်းဇံ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ဦးသိန်းဇံ ကို မတွေ့ရှိသောကြောင့် သားဖြစ်သူ ကိုနေဇာလင်း နှင့် အလည်ရောက်ရှိနေသည့် သူငယ်ချင်း ၂ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

မနေ့က ညနေအချိန်မှာ သဲကုန်းရွာက လူလတ်ပိုင်းအရွယ် ၃ဦး ဖမ်းဆီးခံခဲ့ရတယ်။ အဖေဖြစ်သူကို မတွေ့တဲ့အတွက် အိမ်မှာရှိတဲ့ သားဖြစ်သူနဲ့ သူ့သူငယ်ချင်း ၂ဦးကို စစ်သားတွေက ဖမ်းဆီးခဲ့တယ် ဟု

​ဒေသခံတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံခဲ့ရသည့် သဲကုန်းရွာမှ ၃ဦးအား ကျိန္တလီရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင်လည်း ဘူးသီးတောင်မြို့နယ် စိုင်းဒင်မှ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးတို့ကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ရက္ခိုင်တွင် တိုက်ပွဲစတင်ခဲ့သည့် ပြီးခဲ့နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ ယခုနှစ် မတ်လ ၂၁ ရက်နေ့အထိ ၄လကျော်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ ထိန်းသိမ်းခံထားရသူ ၄၇၁ ဦးအထိ ရှိပြီး ထိုအထဲမှာ ကျား ၄၂၄ဦးနှင့် မ ၄၇ ဦး ပါဝင်ကြောင်း ဧပြီလ ၄ရက်နေ့တွင် HDCO က ထုတ်ပြန်ခဲ့သည်

#ABN #ဂွ #ကျိန္တလီ #အရပ်သားဖမ်းဆီးခံရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ