နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ မေလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှု တိုးမြှင့်ဖို့ နယူးဇီလန်လွှတ်တော်အမတ်နဲ့ CRPH တို့ ဆွေးနွေးမှုပြုလုပ်

စစ်ကောင်စီအပေါ် သံတမန်ရေး၊ စီးပွားရေးဆိုင်ရာ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ပေးရန် နယူးဇီလန်အစိုးရအား တိုက်တွန်းပေးဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နဲ့ နယူးဇီလန်လွှတ်တော်အမတ် Hon. Ms .Vanushi Walters တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နဲ့ နယူးဇီလန်လွှတ်တော်အမတ် Hon. Ms .Vanushi Walters တို့သည် ဇွန်လ ၁၂ရက်နေ့က ဗီဒီယိုကွန့်ဖရန့်ကတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ထိုတွေ့ဆုံမှုမှာ စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ရေးအပါအဝင် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုအပေါ် တိုက်ရိုက်ပံ့ပိုးကူညီမှုများ ပေးအပ်ရေးနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ နယ်စပ်ရှိ မြန်မာပြည်သူများအား နိုင်ငံရေးခိုလှုံခွင့်ပေးရန် နယူးဇီလန်အစိုးရအား တိုက်တွန်းပေးဖို့ CRPH ကိုယ်စား လှယ်များက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

နယူးဇီလန်အမတ်က CRPH နဲ့ လွှတ်တော်ကိုယ်စားလှယ်များအား အကူအညီပေးအပ်နိုင်ရေးအပါအဝင် အစိုးရအား ဆောင်ရွက်ရန်တိုက်တွန်းချက်များကို ပြန်လည်ဆွေးနွေးခဲ့ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားနိုင်ရန် တွေ့ဆုံချိတ်ဆက်မှုများအား စဉ်ဆက်မပြတ် ပြုလုပ်သွားဖို့ သဘောတူညီခဲ့ကြတယ်လို့ CRPH က ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲသို့ CRPH အတွင်းရေးမှူး မိုင်းလမင်းထွန်း၊ NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနဲ့ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


နယူးဇီလန်အမတ် Hon. Ms .Vanushi Walters သည် ယခုနှစ် မတ်လပိုင်းက ဘာရိန်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၄၆ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှာ စစ်တပ်က အရပ်သားအစိုးရအား ဖယ်ရှားခဲ့မှုအပေါ် ကမ္ဘာကြီးက မေ့ပျောက်မထားဖို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေမျက်နီရဲကင်းစခန်းတိုက်ပွဲ စစ်ကောင်စီဘက်က (၂)ဦးသေကာ (၂)ဦးပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ မေလ 20 ရက်
  • 8 Views
မေလ (၂၀)ရက်။ မနေ့က ည(၁၀)နာရီခွဲအချိန်မှာ ထီးလင်းမြို့ရှိ စစ်ကောင်စီရဲ့ ရေမျက်နီရဲကင်းစခန်းတိုက်ပွဲထဲ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Yaw Revolution Army-ထီးလင်းရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

သထုံနဲ့ ကျိုက်ထိုမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား (၄)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ မေလ 20 ရက်
  • 4 Views
မေလ (၂၀)ရက်။ သထုံမြို့နဲ့ ကျိုက်ထိုမြို့တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ရေမျက်နီရဲကင်းစခန်းတိုက်ပွဲ စစ်ကောင်စီဘက်က (၂)ဦးသေကာ (၂)ဦးပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ မေလ 20 ရက်
  • 3 Views
မေလ (၂၀)ရက်။ မနေ့က ည(၁၀)နာရီခွဲအချိန်မှာ ထီးလင်းမြို့ရှိ စစ်ကောင်စီရဲ့ ရေမျက်နီရဲကင်းစခန်းတိုက်ပွဲထဲ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Yaw Revolution Army-ထီးလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရေမျက်နီရှေ့တန်းမှာ ကင်းပုန်းဝပ်နေတဲ့ ဂန့်ဂေါခရိုင်တပ်ရင်း(၁၅/၁၆/၁၇)-YRA-ထီးလင်းက ရဲဘော်တွေနဲ့ ရဲကင်းစခန်းကနေ ကင်းထောက်ထွက်လာတဲ့
မြန်မာသတင်း

တွန်းဇံနဲ့ ကျီခါးမြို့ကို ချင်းကာကွယ်ရေးတပ်တွေ ထိန်းချုပ်နိုင်ခဲ့ပြီလို့ CNF ပြော

  • 2024 ခုနှစ်၊ မေလ 20 ရက်
  • 8 Views
မေလ (၂၀)ရက်။ ချင်းပြည်နယ်(မြောက်ပိုင်း)ရှိ တွန်းဇံမြို့နဲ့ ကျီခါးမြို့ကို ချင်းကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီလို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ မနေ့က အတည်ပြုပြောဆိုထားချက်အရ သိရပါတယ်။ “ တွန်းဇံမြို့ထဲမှာ ခလရ(၂၆၉)တပ်ကုန်းပဲရှိတယ်၊ နောက်ပြီး ရဲစခန်းနဲ့ မြို့ထဲနေရာ (၂)နေရာလောက်မှာ နေရာယူထားတာ၊ အခုက
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဘူးသီးတောင်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် မူဆလင် (၁၆၆)ဦး ထွက်ပြေးခဲ့ရ

  • 2024 ခုနှစ်၊ မေလ 20 ရက်
  • 16 Views
မေလ (၂၀)ရက်။ မေလ (၁၈)ရက်နေ့က ဘူးသီးတောင်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် မူဆလင် (၁၆၆)ဦး ထွက်ပြေးခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ဘူးသီးတောင်မြို့ရှိ ကျောက်ဖြူတောင်၊
မြန်မာသတင်း

မြဝတီမြို့ကို BGF တပ်က အင်အားတစ်ထောင်နီးပါးနှင့်ထိန်းချုပ်ထားတယ်လို့ ဆို

  • 2024 ခုနှစ်၊ မေလ 19 ရက်
  • 11 Views
+++++++++++++++++++++++++++++++++++++++++++ မေလ (၁၈) ရက်။ ကရင်ပြည်နယ်၊ မြဝတီမြို့ကို နယ်ခြားစာင့်တပ် (BGF) တပ်က အင်အားတစ်ထောင်ဝန်းကျင် စုဖွဲ့ထားပြီး မြို့တွင်းနဲ့ မြို့ပြင်ကုန်သွယ်ရေးဇုန်နေရာအထိ စိုးမိုးနေရာယူထားပြီး နေ့ရောညပါ စစ်ရေးအသင့်အနေအထားနဲ့ ကင်းလှည့် စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ KNU
မြန်မာသတင်း

မြို့နယ်ပကဖကို မန္တလေး PDF ဖမ်းဆီးထားတဲ့အပေါ် ဒေသခံတွေ ဆန္ဒထုတ်ဖော်

  • 2024 ခုနှစ်၊ မေလ 19 ရက်
  • 6 Views
မြို့နယ်ပကဖကို မန္တလေး PDF ဖမ်းဆီးထားတဲ့အပေါ် ဒေသခံတွေ ဆန္ဒထုတ်ဖော် +++++++++++++++++++++++++++++++++++++++++ မေလ (၁၉) ရက်။ ပြီးခဲ့တဲ့ ဧပြီလ (၉) ရက်နေ့က မတ္တရာမြို့နယ်မှာ တိုက်နယ် (၃) ပကဖတာဝန်ခံ (၂) နဂါးညီနောင်အဖွဲ့ခေါင်းဆောင်
မြန်မာသတင်း

KNLA တပ်မဟာ (၄) တပ်ရင်း ၁၀ ဒုတပ်ရင်းမှူး ကျဆုံး

  • 2024 ခုနှစ်၊ မေလ 19 ရက်
  • 8 Views
မေလ (၁၉) ရက်။ ဗိုလ်လားထော်လို့ လူသိများတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဒုတပ်ရင်းမှူး ဗိုလ်မှူးစောလားထော် မေလ (၁၇) ရက်နေ့က ကျဆုံးခဲ့တယ်လို့ KNU ဆီက သိရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)