Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်မြောက်ပိုင်း စစ်ကောင်စီ၏ ကြိမ်ချောင်းဗျူဟာကို အာရက္ခတပ်တော် အပြီးပိုင် သိမ်းပိုက်

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်းဗျူဟာ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ ၇ ကို အာရက္ခတပ်တော်က ယနေ့ ဧပြီလ ၁၂ရက်နေ့ နံနက်အစော ပိုင်းအချိန်တွင် အပြီးပိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီဖြစ်ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။

အာရက္ခတပ်တော်နှင့် နီးစပ်သူ ၁ဦးက ကြိမ်ချောင်း နခခ ၇ကို အာရက္ခတပ်တော်က သိမ်းလိုက်ပါပြီ။ ဒီနေ့ မနက် ၂နာရီကျော်လောက်မှာ စခန်းတစ်ခုလုံး အပြီးသတ် သိမ်းလိုက်တာ။ အာရက္ခတပ်တော်သားတွေလည်း အကျအဆုံး ရှိတယ်လို့ ကြားရပါတယ် ဟု

ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့ နံနက် ၂နာရီကျော်ခန့်အချိန်တွင် စစ်ကောင်စီ၏ ကြိမ်ချောင်းတပ်စခန်း တစ်ခုလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီ ဖြစ်သည်ဟု ငါးခူရရွာမှ ရွာသား ၁ဦးကလည်း AB News သို့ အတည်ပြု ပြောဆိုသည်။

မနေ့က တိုက်ပွဲက တအား ပြင်းထန်ခဲ့တယ်။ စစ်ကောင်စီဘက်က စခန်းမကျဖို့အရေး လေကြောင်းပစ်ကူတွေ တရစပ် ပေးခဲ့တယ်။ စခန်းအနီးက ကျေးရွာတွေကိုတောင် ပစ်ခတ်ခဲ့တာ ရှိပါတယ်။ ဒီနေ့ နံနက်ပိုင်းအချိန်မှာ အာရက္ခတပ်တော်က ၎င်းစခန်းကို သိမ်းပိုက်လိုက်ပါပြီ ဟု

ဒေသခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၇ရက်နေ့တွင် မြောက်ပိုင်းမှ စစ်ကောင်စီ စခန်းများအထဲမှ အကြီးမားဆုံး နယ်ခြားစောင့်စခန်းတစ်ခုဖြစ်သည့် အမှတ်၂၄ ဗျူဟာကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်သားများသည့် အကျအဆုံးများစွာဖြင့် ကြိမ်ချောင်း ကျေးရွာအနီးရှိ နခခ ၇ သို့ တပ်ဆုတ်ထွက်ပြေးလာခဲ့ရကြောင်း သိရသည်။

ကြိမ်ချောင်းစခန်း တစ်ခုလုံး အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ အာရက္ခတပ်တော်က တရားဝင်ထုတ်ပြန်ထားခြင်းတော့ မရှိသေးပေ။

မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းစခန်းကို သိမ်းပိုက်ပြီးနောက် မောင်တောမြောက်ပိုင်းတွင် ကျီးကန်းပြင်ဌာနချုပ်၊ မြို့သူကြီး နခခ ၅နှင့် တောင်ပိုင်းတွင် မောရဝတီဗျူဟာ၊ အင်းဒင်နှင့် အလယ်သံကျော်စခန်းများ ကျန်ရှိနေသေးသည်။

ပြီးခဲ့သည့် ဧပြီလ ၈ရက်နေ့က မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ မြို့သူကြီး နခခ ၅ မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကြိမ်ချောင်းရွာမှ လူနေအိမ်များ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

#ABN#မောင်တော# ကြိမ်ချောင်းဗျူဟာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ