Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သင်္ကြန်ကာလအတွင်း လူစုလူဝေးများ ပြုလုပ်ပြီး ပျော်ပွဲရွင်ပွဲ ကြီးများ မပြုလုပ်ကြရန် ပြည်သူများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် မေတ္တာရပ်ခံ

သင်္ကြန်ကာလအတွင်း လူစုလူဝေးများ ပြုလုပ်ပြီး ပျော်ပွဲရွင်ပွဲ ကြီးများ မပြုလုပ်ကြရန် အာရက္ခမိဘပြည်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် မေတ္တာရပ်ခံ ပန်ကြားလိုက်သည်။

မေတ္တာရပ်ခံ ပန်ကြားချက်တွင် ” ယခုအချိန်ကာလသည် စစ်ရေးပြင်းထန်နေသည့်အလျောက် မကြာမီ ကျရောက်မည့် သင်္ကြန်ကာလအတွင်း မြို့ပြနှင့် ကျေးလက်ဒေသများ၌ လူစုလူဝေးများ ပြုလုပ်ပြီး၊ ပျော်ပွဲရွင်ပွဲကြီးများကို မပြုလုပ်ကြပါရန် အာရက္ခမိဘပြည်သူများအား မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်” ဟု ဖော်ပြထားသည်။

ထို့အပြင် လူအများအပြား စီးနင်းလိုက်ပါလာသည့် ကားများဖြင့် မြို့ပြဒေသများ၊ တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့် တစ်ရွာကြား ကခုန်လှည့်ပတ်ပြီး ရေကစားခြင်း၊ လူစုလူဝေးဖြစ်သော သင်္ကြန်မဏ္ဍပ်များ၊ Show ပွဲများပြုလုပ်ခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၌ လူစုလူဝေးကြီးများဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူအတန်းများ ပြုလုပ်ခြင်းတို့ကိုလည်း “လုံးဝ” မပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်ကို တွေ့ရှိရသည်။

စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီသည် စစ်ပွဲနှင့် တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်းကာ ဦးတည်တိုက်ခိုက်တတ်သောအကျင့်ရှိသောကြောင့် သင်္ကြန်ကာလအတွင်း မလိုလားအပ်သည့် အသက်များ အစုလိုက်၊ အပြုံလိုက် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများမှ ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့် ဖော်ပြပါ လိုက်နာရမည့်အချက်များကို လိုက်နာဆောင်ရွက်ကြပါရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ မေတ္တာရပ်ခံ ပန်ကြားထားသည်။

ရက္ခိုင်ဒေသအတွင်း၌ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် နေ့စဉ်ရက်ဆက် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည့်အပြင် တစ်ရက်ထက်တစ်ရက် တိုက်ပွဲများပြင်းထန်လျက် ရှိနေဆဲပင်ဖြစ်သည်။

စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီသည် အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ထားသော ဒေသများအတွင်းသာမက နောက်ထပ်သိမ်းပိုက်ရန် ကြိုးစားနေသော နေရာများတွင်ပါ လူစုလူဝေးဟု ယူဆရသည့် နေရာများအား အလစ်ချောင်း၊ အငိုက်ဖမ်းပြီး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်ခြင်းတို့ကို ပြုလုပ်ရန် နေ့စဉ်ရက်ဆက်ကြိုးပမ်းလျက်ရှိသည်။

ရက္ခိုင်ဒေသအတွင်း မြို့ ၁၇မြို့အနက် ၉မြို့ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားကာ ရက္ခိုင်ပြည်မြောက်ဘဖက်ရှိ ဘူးသီးတောင်၊ မောင်တောမြို့နှင့် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

#ABN# ULA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ