Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျေက်ဖြူမြို့နယ် စနဲဖက်သို့ စစ်ကောင်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် စနဲအနီးတဝှိုက်သို့ စစ်ကောင်စီအဖွဲ့က ဒရုန်းများအပါအဝင် တောင်မော်ကြီးစခန်းနှင့် ရေတပ်နေဗီများမှ လက်နက်ကြီးများဖြင့် ကြိမ်ရေများစွာ ပစ်ခတ်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ ဧပြီလ ၁၈ ရက်၊ နံနက် ၁၁ နာရီ ၄၀ မိနှစ်မှ ၁၂ နာရီ ၄၈ မိနစ်အထိ လက်နက်ကြီးပစ်ခတ်မှု အလုံးရေ ၁၈ လုံးခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“တောင်မော်ကြီးစခန်းကလည်းပစ်တယ်။ ရေတပ်ကလည်းပစ်တယ်။ ဒရုန်းနဲ့လည်း ပစ်တယ်၊ ၁၈ လုံးကျပါပြီ။ အခုလည်း ပစ်နေပါတယ်” ဟုဆိုသည်။

စစ်ကောင်စီ၏ နေဗီ၊ ဒရုန်းများဖြင့် ပစ်ခတ်သောလက်နက်ကြီးကျည်များမှာ စနဲမြို့အနီးတဝှိုက် တွင်ကျကွဲပေါက်ကွဲမှု ရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ထို့အပြင် ယနေ့ နေ့လည် ၁ နာရီ ၂၁ မိနစ်မှ ၁နာရီ ၃၈ မိနစ်အထိ   ဇင်ချောင်းပင်လယ်ပြင်အနီးတွင် ကျောက်ချရပ်နားထားသည့် စစ်ကောင်စီ၏ ရေတပ် နေဗီမှလည်း စနဲမြို့နှင့် အနီးတဝှိုက်ရွာများဖက်သို့ လက်နက်ကြီး ၇ လုံးခန့် လှမ်းပစ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် နေရာ ၂ ခုမှ  ပြည်သူနေ ရပ်ရွာများသို့ လက်နက်ကြီးများလှမ်းပစ်နေသည့်အတွက် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း အမျိုးသား တစ်ဦးက AB News သို့ပြောသည်။

“ပစ်နေတာက ၂ နေရာဖြစ်နေတယ်။ စနဲမှာလည်း ကျရောက်ပေါက်ကွဲတယ်လို့သိရတယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာပြေးနေကြတယ်။ ပုန်းတဲ့သူတွေလည်း ပုန်းနေကြတယ်” ဟု ဆိုသည်။

တောင်မော်ကြီးစခန်းနှင့် စနဲမြို့သည် သုံးမိုင်ခန့်ကွာဝေးပြီး လက်ရှိအချိန်ထိ  စစ်ကောင်စီက လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ